
ပင်လောင်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး တိုးတက်ခိုင်မာသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ပင်လောင်းကြီးကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ရာလုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများ၊ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော က လူကုန်ကူးမှုဆိုင်ရာများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သဉ္ဇာက သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ဖြစ်ပေါ်ပါက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသီးသီး ဟောပြောကြသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အများပြည်သူ သိရှိနိုင်ရန် ကျေးရွာများအတွင်း ထင်သာမြင်သာရှိသည့် နေရာများတွင်ကပ်ထားပေးနိုင်ရန်အတွက် ဘဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းများ၊ လက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး