
ပင်လောင်း ဩဂုတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး တိုးတက်ခိုင်မာသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပြုကို အခြေခံမူလတန်းကျောင်း နမ့်ပါကျောင်းတွင် ဩဂုတ်လ၁၄ရက် မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော က လူငယ်များတိုးတက်မှုဆိုင်ရာအကြောင်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေး က လူငယ်နှင့် အားကစားဆိုင်ရာအကြောင်းများ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သဉ္ဇာနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ဖြစ်ပေါ်ပါက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးဦးက လူငယ်နှင့်စာဖတ်ခြင်းကို အသီးသီး ဟောပြောကြသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ပြီး၊ အခြေခံပညာမူလတန်းကျောင်း နမ့်ပါကျောင်းအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုံပြင်စာအုပ်များနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကလျာနီ က လက်ခံရယူခဲ့ကြောင်း၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။
ဆက်လက်၍ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ခင်သိန်းထွေးက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် E – cigarette(Vape) ဆိုးကျိုးများကို ဟောပြောခဲ့ပြီး၊ မူလတန်းကျောင်းသား/ကျောင်းသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ အပျိုတော်ဝင် ကျောင်းသူများအား Furamin BC ဆေးများ ဖြန့်ဝေပေးခြင်း၊ သာမန်ဖျားနာနေသော ကျောင်းသား/ကျောင်းသူများအား ဆေးကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူကလေးငယ်များအား သွားတိုက်နည်းများကို လက်တွေု့ ဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။/ကျောင်းသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ အပျိုတော်ဝင် ကျောင်းသူများအား Furamin BC ဆေးများ ဖြန့်ဝေပေးခြင်း၊ သာမန်ဖျားနာနေသော ကျောင်းသား/ကျောင်းသူများအား ဆေးကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူကလေးငယ်များအား သွားတိုက်နည်းများကို လက်တွေ့ ဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရအဖွဲ့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းမှုန့်ဆိုင်များစစ်ဆေးပြီး၊ အိမ်သာ၊ အမှိုက်စွန့်ပစ်မှုများ၊ သောက်သုံရေများစစ်ဆေးပေးခြင်း၊ ရေလှောင်ကန်၊ ရေစည်များအတွင်း အဘိဆေးခတ်ထည့်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး