ပင်လောင်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့‌သည်။
ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အလယ်တန်းအဆင့် ဗိုလ်လုပွဲကို စက်တင်ဘာ၄ရက် နံနက် ၁၁ နာရီက ကျင်းပရာ ဗိုလ်လုပွဲတွင် အထက(၁) ဘောလုံးအသင်းက အလက ဆည်ခေါင်းဘောလုံးကို ပင်နတီအဆုံးအဖြတ်ဖြင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီအချိန်က အထက်တန်းအဆင့် ဗိုလ်လုပွဲတွင် အထက(၁) ဘောလုံးအသင်းက အထကတလိုင်းမ ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အသီးသီးအနိုင်ရ ဗိုလ်စွဲသွားခဲ့ကြ‌ကြောင်း သိရသည်။
ထို့နောက် ဘောလုံးပြိုင်ပွဲတွင် အထက်တန်း၊အလယ်တန်းအဆင့်နှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ဘောလုံးအသင်းများ၊ နေရာအလိုက် အကောင်းဆုံးရရှိသည့် ဘောလုံးကစားသမားများ၊ အေရိုဗစ်ပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲ၊ ဘောလီဘော်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများနှင့် ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ စန္တာခမ်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ မြိုနယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး