ပင်လောင်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း(၃)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိမဲရုံများ၌ ဇန်နဝါရီ ၂၅ ရက်နံနက် ၆ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ်တွင် မဲရုံ(၁၄၀)ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူ (၁၃၈၃၄၉) ဦးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
