
ပင်လောင်း ဇူလိုင် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင်လ ၂၇ ရက် နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီး၌ ထုတ်ပြန်ပေးကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(၁) စာစစ်ဌာနတွင် ဖြေဆိုသူ ၃၁၆ ဦး အောင်မြင်သူ ၁၇၁ ဦး၊ အထက(၂) စာစစ်ဌာနတွင် ဖြေဆိုသူ ၁၉၉ ဦး အောင်မြင်သူ ၁၃၀ ဦး၊ အထကနောင်တရား စာစစ်ဌာနတွင် ဖြေဆိုသူ ၃၅၂ ဦး အောင်မြင်သူ ၁၅၈ ဦး၊ အထကတီကျစ် စာစစ်ဌာတွင် ဖြေဆိုသူ ၁၇၉ ဦး အောင်မြင်သူ ၁၀၆ ဦး၊ အထကပင်ခွန် စာစစ်ဌာတွင် ဖြေဆိုသူ ၁၃၀ ဦး အောင်မြင်သူ ၄၅ ဦး၊ အထကတင်းထက် စာစစ်ဌာနတွင် ဖြေဆိုသူ ၁၃၃ ဦး အောင်မြင်သူ ၄၆ ဦး ရှိကြောင်း၊ ပင်လောင်းမြို့နယ် စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း(၁၃၀၉)ဦးရှိပြီး ဖြေဆိုအောင်မြင်သူ စုစုပေါင်း(၆၅၆)ဦး အောင်ချက် ၅၀ ဒသမ ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး