ပင်လောင်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကျန်းမာရေးဦးစီး ဌာန အထူးကုဆရာဝန်များက နယ်လှည့်ကုသရေးအဖွဲ့မှ ပင်လောင်းကြီး ကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ်လ၁၉ရက် နံနက် ၉ နာရီမှ မွန်းလွဲပိုင်းထိ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆေးကုသမှုများကို ရှမ်းပြည်နယ် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် ကလောမြို့နယ်မှ အရိုးအထူးကု ဆရာဝန်၊ ကလေးအထူးကု၊ သားဖွားနှင့်မီးယပ်၊ မေ့ဆေးအထူးကု၊ ခွဲစိပ်အထူးကု ဆရာဝန်များနှင့် လက်ထောက်ဆရာဝန်များနှင့် ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေး ဆေးရုံ‌(အေးသာယာ) ‌ဆေးကုအဖွဲ့များက ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆေးကုသရာတွင် သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ECG စက်ဖြင့် ရောဂါစစ်ဆေးပေးခြင်း၊ ရောဂါများစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးရာ ဆေးကုသမှု ခံယူရန်လိုအပ်သူများကို ရောဂါကုသပေးခြင်းနှင့် သက်ဆိုင်ရာရောဂါ စားဆေးသောက်ဆေးများကို ပေးဝေခဲ့ကြောင်း၊ အဆိုပါ ကွင်းဆင်းဆေးကုသမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာ/ဆရာများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး၊ ပင်လောင်းမြို့နှင့်အနီးဝန်းကျင်ရှိ ပြည်သူ(၅၃၆)ဦး‌ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး