ပင်လောင်း ဇန်နဝါရီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းကိုဆုပေးပွဲ အခမ်းအနားကျင်းကို ဇန်နဝါရီ ၄ရက် နေ့လည် ၁၁ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/မှ ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးပြီး၊မှ ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးပြီး၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်အောင်ချက်အကောင်းဆုံး ရရှိသည့် ကျောင်းများနှင့် ခရိုင်အဆင့်တို့တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အလားတူ ပင်လောင်းမြို့နယ် အခြေခံပညာကျောင်းတို့က ပညာရေးစုံညီပွဲတော် အသီးသီး ကျင်းပသွားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
