ပင်လောင်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရွေးကောက်ပွဲ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ၂၆ ရက် နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူ များ၏ မဲပေးပိုင်ခွင့် မဲစာရင်းကြေငြာရာတွင် ပြည်သူလူထုအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများ အလေးထားဆောင်ရွက် ပေးကြရန် ရှင်းလင်းပြောကြားပြီး၊ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမှိုင်းခမ်းက မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမပါရှိမှု စာရင်းဖြည့်သွင်းရမည့် ပုံစံများ၊ မဲစာရင်း ပြင်ဆင်ခြင်းပုံစံများ စသည့်ပုံစံအမျိုးမျိုးများ ဖြည့်စွက်ရမည့်ပုံစံများကို လည်းကောင်း၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်က ရွေးကောက်ပွဲမတိုင်မီ မဲရုံများဆောင်ရွက်ထား ရှိရမည့်အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒေသအဆင့်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့က သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပင်လောင်းမြို့နယ်၊ ဘုရားဖြူ ကျေးရွာအုပ်စု၊ အောင်လယ်ကျေးရွာ၌ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) ခွင့်ပြုငွေဖြင့် ဝယ်ယူဖြန့်ဖြူးသော ဒေသဝက်(၅၀)ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရန်အတွက် ကျေးရွာမွေးမြူရေးဘဏ် ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမျိုးအောင် ကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးအောင်ဝင်း က တနိုင်တပိုင်မွေးမြူးရေးမှတစ်ဆင့် မွေးမြူရေးကောင်ရေးတိုးပွားအောင် ဆောင်ရွက်ပြီး စီးပွားဖြစ်တိုးချဲ့မွေးမြူလာနိုင်စေရန်နှင့် ကျေးလက်လူမူစီးပွားတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ဒေသဝက်များကို ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒေသညွှန်ကြားရေးမှူးမှ မွေးမြူရေးစနစ်ဘဏ်စာချုပ်စာတမ်းများအား ကျေးရွာမွေးမြူရေးဘဏ်ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးနယ်ဦးစီးမှူးတို့မှ မွေးမြူရေးလုပ်ငန်းသုံး ကုသဆေး၊ အားဆေးနှင့် ခြံဖျန်းပိုးသတ်ဆေးများ ကိုထောက်ပံ့ပေးအပ်သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသော ဒေသဝက်(၅၀)ကောင်အား မွေးမြူရေးဘဏ် စနစ်ဖြင့် မွေးမြူ၍ စာချုပ်သက်တမ်း (၂)နှစ်ပြည့်ချိန်တွင် နောက်ထပ်မွေးမြူသူများသို့ ကျေးရွာကော်မတီမှတဆင့် လက်ဆင့်ကမ်းမွေးမြူစေကာ လက်ဆင့်ကမ်း(၃)ကြိမ်ပြည့်ပါက ကျေးရွာကော်မတီမှ အလုံးစုံစီမံသည့် မွေးမြူရေးဘဏ်စနစ်ဖြစ်ပြီး ကျေးရွာလူမူစီးပွားတိုးတက်ရေးနှင့်မွေမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် များစွာအကျိုးဖြစ်ထွန်း လာမည် ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး