
တောင်ကြီး ဩဂုတ်-၁၆
ပင်စင်ဦးစီးဌာနအနီး လမ်းစုံမှ မီးရထားသံလမ်းဝဲ/ယာတစ်လျှောက်သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက်၊ နံနက်(၇)နာရီခွဲက ကျောင်းကြီးစုရပ်ကွက်၊ မီးပုံးပျံကွင်းသွားလမ်း၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ( ၂၀၀)ဦးခန့်မှ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ရာ အဆိုပါသန့်ရှင်းရေးပြုလုပ်သည့်နေရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး