
လားရှိုး ဇူလိုင်-၁၄
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌရဲမှူးကြီးသန့်ဇင်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးနှင့်အရာရှိကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသနေမှုအား ဇူလိုင်လ(၁၄)ရက် နံနက်(၉)နာရီခွဲတွင် လားရှိုးမြို့၊ ကုတင် (၅၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ကြည့်ရှုခဲ့ပြီး လူနာ (၉၉) ဦးအနက် (၂၄)ဦး ခွဲစိတ်ပြီးဖြစ်ပါကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌ ရဲမှူးကြီးသန့်ဇင်သည် ပစခ အဖွဲ့ဝင် ဦးလုပ်ယွန်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့်အတူ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းအခမ်းအနား သို့ နေ့လယ် (၁)နာရီတွင် လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ အင်အား (၇၅) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး