
နောင်တရား မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ ဖွင့်လှစ်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်သား၊ ကျောင်းသူပေါင်း (၂၅၆)ဦးက မြန်မာစာဘာသာရပ်ကို ပထမနေ့ အဖြစ် မတ်လ(၁၁)ရက် နံနက်ပိုင်းတွင် စတင်ဖြေဆိုသည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဝင်ရောက် ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသားကျောင်းသူ (၂၆၀)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေ ဆိုသူ (၂၅၆)ဦး ရှိသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာရပ် အသီးသီးအတွက် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများ စာမေးပွဲကို အနှောက်အယှက်ကင်းစာ စာမေးပွဲဖြေဆိုနိုင်ရအတွက် မြို့ပေါ်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲများက အပြင်စည်း လုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး