နောင်တရား ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်း ဘောလုံးပြိုင်ပွဲကို ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းဘင်ခရာအဖွဲ့မှ အားကစားသီချင်းတီးမုတ်၍ ကျောင်းသားအားကစားဘောလုံးအသင်းများက နေရာယူသည်။ ထို့နောက် ဘင်ခရာအဖွဲ့နှင့် အားကစားသမားများက နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် အားကစားအဓိဌာန်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် အ.ထ.က ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းကော်မတီဥက္ကဌက ဘောလုံးပြိုင်ပွဲ ကျင်းပပေးရခြင်းရည်ရွယ်ချက်ကိုပြောကြားသည်။ အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း စုစုပေါင်း (၃၂)သင်း ပါဝင်ယှဉ်ပြိုင် ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး