နောင်တရား ဇန်နဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ( ၇၆ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မူလွန်ဉာဏ်ပင်ကျောင်းနှင့် မူလွန်မီးလောင်ကုန်းကျောင်းများ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါကျောင်းများ၌ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးတင့်က လွတ်လပ်ရေးသမိုင်းကြောင်းကိုလည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အောင်ဟန်က လွတ်လပ်ရေး၏တန်ဖိုးကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ( ၇၆ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်အဖြစ် ( ၇၆ ) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းများ ပါဝင်သော ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး