Select Page

နောင်တရား   စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို   စက်တင်ဘာ (၂၁)ရက်မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။
ကျောင်းသားကျောင်းသူများ ဗလငါးတန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြ သည်။ ကျောင်းကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို အမျိုးသမီးအသင်း (၂)သင်း၊ အမျိုးသားအသင်း(၂၅)သင်း စုစုပေါင်း(၂၇)သင်းပါဝင်ယှဉ်ပြိုင် ကြသည်။ ဗိုလ်လှပွဲတွင်  ဘုရင့်နောင် အသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အလောင်းဘုရား အသင်းက (၂-၀)ဂိုးဖြစ် အနိုင်ရဗိုလ်ဆွဲသွားခဲ့သည်။ 
ဆုပေးပွဲအခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးကျော်သိန်းက ကျေးဇူးတင်စကားပြောကြားပြီး ပထမဆု ဒိုင်းဖလားရရှိသော အလောင်းဘုရားအသင်းအား နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မိုင်က ဆုချီးမြင့်ခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျောင်းကော်မတီဝင်များနှင့် ဆရာ၊ ဆရာမများက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ဆုရရှိသည့် ကျောင်းသားကျောင်းသူ များကို ဆုများပေးအပ်ချီးမြင့်ခဲ့ သည်။ ထို့နောက် နောင်တရားမြို့ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်လေးနွယ်မှ ကျောင်းကောင်စီဥက္ကဌ ဖလား ဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံပေးသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး