
နောင်တရား နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ တီကျစ်ကျေးရွာ တောင်သူဒေါ်သိန်းရီ၏ လယ်ယာမြေတွင် စိုက်ပျိုးထားသည့် ရွှေရင်အေးစပါး စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ ကွင်းအမှတ်(၁၆)၊ ဦးပိုင်အမှတ်(၅၆) တောင်သူဒေါ်သိန်းရီ၏ လယ်ယာမြေတွင် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယာစပါးပန်းတိုင်အထွက်နှုန်း မြှင့်မားရေး တောင်သူနည်းပညာပေးစံပြစိုက်ကွက် စိုက်ပျိုးခဲ့သည်။ အဆိုပါ စံပြစိုက်ကွက်အတွင်း စံကွက်ရိတ်သိမ်းရာ၌ စပါးအဆို(၁၄၀)တင်းထွက်ရှိပြီး အခြောက် (၁၂၀)တင်းရရှိသည်။ အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူနှင့် မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်းတို့က ကြီးကြပ်၍ စိုက်ပျိုးရေးဝန်ထမ်းများက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး