
နောင်တရား ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂၅)ရက် နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
နောင်တရားမြို့ပေါ် ရပ်ကွက်များအတွင်း နေအိမ်များရှိ ရေတွင်းရေကန်များကို အဘိတ်ဆေးထည့်ခြင်း၊ ရေနုတ်မြောင်းများ၊ အိုးခွက်အဟောင်းများနှင့် အမှိုက်များရှင်းလင်းရေး အတွက် အသိပညာဆွေးနွေးခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက အိမ်အရောက်အသိပညာပေးဆောင် ရွက်သည်။ ၂၀၂၅ခုနှစ်အတွင်း နောင်တရားမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိသေးကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး