နောင်တရား ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင်ဒေသ၌ ဧပြီလနှင့် မေလတွင် စိုက်ပျိုးသည့် မိုးကြိုအာလူး အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
“မိုးကြိုအာလူးမှာ ပင်ညိုးရောဂါအကျများတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေက မြေပြင်ရပါတယ် သဘာဝမြေဩဇာတွေကို တန်လိုက်ထည့်ပေးရတဲ့အတွက်ကြောင့်မို့ စိုက်ပျိုးရေးကုန်ကျစရိတ်များတယ် ယခုနှစ်မှာ မြေဆီလွှာကို ပြင်ဆင်ထိန်းသိန်းပြီး စိုက်ပျိုးလာကြတဲ့အတွက် ပင်ညိုးသက်သာပြီး ယခင်နှစ်ထက်အောင်မြင်ဖြစ်ထွန်းမှု ပိုများတယ်” ဟု မော်ဒုံကျေးရွာမှ မိုးကြိအာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
နောင်တရားဒေသ၌ အာလူးသီးနှံကို မိုးကြို၊ မိုးနှောင်း(စက)၊ ရေသွင်းအာလူး စသည်ဖြစ် တစ်နှစ်အတွင်း သုံးကြိမ်စိုက်ပျိုးပြီး မိုးကြိုအာလူးသည် ပင်ညိုးရောဂါကျရောက်မှုများသည့် အတွက် စိုက်ပျိုးသည့်တောင်သူ နည်းပါးကြသည်။ မြန်မာနိုင်ငံတွင် စားအာလူးဈေးကွက်နှင့် ကြော်အာလူးဈေးကွက် ဟု၍ နှစ်မျိုးရှိပြီး စားအာလူးမှာ အထွက်နှုန်းမြှင့်ပြီး ဈေးနှုန်းသက်သာ ခြင်းနှင့် ကြော်အာလူးမှာ အထွက်နှုန်းနည်းပြီး ဈေးနှုန်းမြှင့်သောကြောင့် အာလူးစိုက်တောင်သူ များ ကြော်အာလူးကို ပိုမိုစိတ်ဝင်စားကြောင်း ကုန်သည်တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး