ကလော ဖေဖေါ်ဝါရီ-၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီ (၅)ရက်၊ မွန်းလွဲ(၂)နာရီခွဲက ကလောခရိုင်၊ ကလောမြို့နယ်၊ ကလောဘူတာအနီးတွင် သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ကလောချောင်း မူလနယ်နိမိတ်မြေတိုင်းတာပြီးစီးမှုအား သွားရောက်ကြည့်ရှုရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီး နှင့် တာဝန်ရှိသူများသည် ကလောချောင်းဘေးမြေကာနံရံ(၉)ပေအမြင့် ဆောင်ရွက်နေမှုနှင့် ကလောခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ကလောချောင်းတစ်လျှောက် ချောင်းချဲ့ခြင်း၊ တူးဖော်ခြင်းမဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံများ၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသောရေအေးကန်ရေပေးဝေရေး ပိုက်လိုင်းများပြင်ဆင် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ရေအေးကန်သွားလမ်းနှင့် တမံချဥ်းကပ်လမ်းပြင်ဆင် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကြည့်ရှုပြီး ရာဂီမုန်တိုင်းဒဏ်ကြောင့် ကလောမြို့မောမြေဦးပန်းခြံ အတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှုမှတ်တမ်းများကြည့်ရှုရာ ကလောမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်းသိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့သွားရောက်၍ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ ကလောခရိုင်၊ ကလောမြို့နယ်နှင့်သာစည်မြို့နယ်ရှိ ရွှေမင်းဖုန်း ဒေသနှင့်ပတ်သက်သည့် ရေဘေးအန္တရာယ်ကျရောက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တာဝန်ရှိသူများသည် ကလောခရိုင်၊ ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ကြောင့် လျှိုအတွင်းရေထွက်ပေါက်မရှိဘဲ ထူးပေါက်ပိတ်ဆို့မှုကြောင့် ရေများစီးဆင်းနိုင်ရန်ရေနုတ်မြောင်းများ တူးဖော်နေမှုကို ကြည့်ရှု စစ်ဆေးရာ ဒေသခံများမှ ရေအမြန်ကျဆင်းစေရေးအတွက် ရေမြောင်းတူးဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းရှင်းတင်ပြခြင်းနှင့် မြန်မာ့မီးရထားတာဝန်ခံမှ မီးရထားလမ်း တာဘောင် အောက်မှ ရေထွက်ပေါက်ဆောင်ရွက်မည့်အခြေအနေအား ရှင်းလင်းမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ယခင်ရေထွက်ပေါက်နေရာများ ပိတ်ဆို့မှုအခြေအနေများနှင့် ထပ်မံတူးဖောက် မည့် တူးမြောင်းနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရွှေမင်းဖုန်းကျေးရွာတွင် သဘာဝထူးပေါက် (၃) ခုရှိပြီး အဝ (၆) ပေ၊ အလျား (၁) မိုင်ခန့်ရှိကာ ၎င်းထူးပေါက်များ ပိတ်ဆို့မှုကြောင့် ယခုအချိန်အထိ ရေများကျန်ရှိနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး