ပင်းတယ စက်တင်ဘာ ၁၈
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ‌ခြေခံပညာအ‎ထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ စက်တင်ဘာ ၁၈ရက်နံနက် ၁၀ နာရီအချိန်က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎အခမ်းအနားအား အထက (ကြိုသက်) ကျောင်းသား/ ကျောင်းသူများမှ “ အနာဂတ်လူရည်မွန် ”တေးသီးချင်ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းကအဖွင့်အမှာစကားပြောကြားရာ ယနေ့‎သည် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊‎နိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ် (၃) ခုအနက် ” နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆိုသည့် ဆောင်‎ပုဒ်တစ်ခုကိုလည်း ဒုတိယနေရာမှာ ထည့်သွင်းထားပါကြောင်း၊ “ မိဘဆရာပူးပေါင်းသားသမီး‎ပညာကောင်း ”ဆိုသည့်အတိုင်း မိမိတို့၏ သားငယ်သမီးငယ်များအား ပညာသာမက အသိပ‎ညာပါ ပိုမို့ရရှိအောင် ဆရာ / ဆရာမများ အနေ
‎ဖြင့်ယခုထက် သင်ကြားပေးစေလိုပြီး၊ကျောင်း‎သား/ကျောင်းသူများကလည်း အချိန်ကိုအကျိုး‎ရှိစွာ အသုံးချစေလိုကြောင်း၊ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်းနှင့်ကျောင်းသား‎/ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်၏ အားကိုးအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေကြောင်း စသည်ဖြင့်ပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက ၂၀၂၄ – ၂၀၂‎၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် ပညာ‎သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား ဆုများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား / ကျောင်းသူလေးများ၏ တေးသရုပ်ဖော်ကပြ ဖျော်‌ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်ဓမ္မာရုံတွင်‎မွန်းလွှဲ ၁ နာရီအချိန်က MEVM ( မြန်မာအီလက်ထရောနှစ်မဲပေးစက်) ဆိုင်ရာအသိပညာပေး‎ခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားကိုကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်‎ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
‎ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြော‎ကြားပေးသည်။ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM ( မြန်‎မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပင်းတယမြို့နယ်ရဲတပ်
‎ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားဟန့်တားဖျက်ဆီးခြင်းနှင်ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပင်းတယမြို့ပေါ်ရပ်ကွက်မှ ဒေသခံ‎ပြည်သူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပင်းတယမြို့ပေါ်ရပ်‎ကွက်မှ ဒေသခံပြည်သူများက ရပ်ကွက်အတွင်း‎ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး