‎ပင်းတယ ဇန်နဝါရီ ၇
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်
‎ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ဇန်နဝါရီလ၇ရက် နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးနေအိမ် များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ယ‌နေ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်‎ဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာကို တွေ့နေရပြီး၊ ရှမ်းပြည်နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာခုနှစ်အတွင်းမှာ အဖျက်စွမ်းအားကြီးမားပြင်းထန်တဲ့ ရာကီတိုင်ဖုန်း မုန်တိုင်း ကြောင့် ရေဘေး၊ မန္တလေးငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာ တစ်နိုင်ငံလုံးအတွက်လည်း သဘာဝဘေးကြောင့် ပျက်စီးမှုနှစ်နှင့်ကြုံတွေ့ခဲ့ရသည့်အတွက် နိုင်ငံတော်နဲ့ပြည်သူများအတွက် ရေရှည်၊ ရေတိုဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို များစွာ ထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူ များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာမှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်များနဲ့အညီဦးစားပေးလုပ်ငန်းစဉ်များကိုချမှတ်ပြီး ကဏ္ဍစုံအလိုက် တစ်ပြိုင်တည်း အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေး ဖြစ်စဉ်မျာ အပေါ်မှာ သင်ခန်းစာရယူပြီးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေကိုနိုင်ငံ‌တော်အစိုးရ၊ ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုနဲ့အတူဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဌာနဆိုင်ရာအားလုံး နှင့်ပြည်သူလူထု တစ်ရပ်လုံးမှ တက်ကြွစွာပါဝင်ဆောင်ရွက်ဖို့လိုပါကြောင်း စသည်ဖြင့်ပြောကြား သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ပင်းတယမြို့နယ်အတွင်း ငလျင်ဘေးသင့်နေအိမ် (၁၉၈)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရရှိ သူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ယနေ့တွင်ကျင်းပပြုလုပ်သည့် ပင်းတယမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီး‎နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပင်းတယမြို့နယ်အတွင်း ပျက်စီးနေအိမ်(၁)ထပ်တိုက်နေအိမ် (၁၈)လုံးအတွက်ငွေကျပ်(၁,၁၉၉.၉၉) သိန်း၊(၂)ထပ်တိုက်နေအိမ် (၁၇၇)လုံးအတွက် ငွေကျပ် (၂၁,၂၄၀) သိန်း၊(၃)ထပ်တိုက်နေအိမ် (၃) အိမ်အတွက် ငွေကျပ် (၅၄၀)သိန်း စုစုပေါင်းနေအိမ် (၁၉၈) လုံးအတွက် စုစုပေါင်း ငွေကျပ် ( ၂၂,၉၇၉.၉၈၈) သိန်းကိုထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့