ပင်းတယ နိုဝင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွှဲပိုင်းကဓနုကိုယ်ပိုင်အုပ်ချုပ်ဒေသ၊ဒေသစိုက်ပျိုးရေးဦးစီးဌာနမှူးဦးကျော်ကျော်ညွှန်မှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေသစိုက်ပျိုးရေးဦးစီးမှူးက လယ်သီးထပ်စိုက်ဧရိယာအပေါ် နေကြာသီးနှံ သီးထပ်စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများ၊ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရန်အတွက် ကော်ဖီပျိုးထောင်ဆောင်ရွက်မည့်လုပ်ငန်းများ၊အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးထပ်စိုက်ဧကများပြည့်မှီအောင် စိုက်ပျိုးနိုင်ရေး၊စံပြကွက်/စမ်းသပ်ကွက်နှင့်မျိုးစေ့ထုတ်လုပ်ငန်းများအား တောင်သူများလိုက်ပါဆောင်ရွက်ပြီးဒေသအတွင်း မျိုးစေ့လိုအပ်ချက်မရှိစေရန် မျိုးစေ့ထုတ်လုပ်ငန်းများအား တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါဝင်နေခြင်းသည်ဈေးကွက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသဖြင့် ပိုးသတ်ဆေးများ စနစ်တကျအသုံးပြုနိုင်ရေးအား နည်းပညာပေးစည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊Ai နည်းပညာကိုဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာအသုံးပြုရန်နှင့်တောင်သူများကိုလည်း Ai နည်းပညာနှင့်အကျွမ်းတဝင်ရှိပြီး အသုံးပြုတတ်စေရန်အတွက် တောင်သူနည်းပညာပေးဆွေးနွေးပွဲများတွင် ပညာပေးဆောင်ရွက်ရန်၊Ai နည်းပညာအသုံးပြုခြင်းဖြင့် တောင်သူများအတွက်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို အချိန်မရွေးမေးမြန်းအသုံးပြုနိုင်ပြီး အကျိုးကျေးဇူးများစွာရရှိနိုင်သဖြင့် ဝန်ထမ်းများမှ ပညာပေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
