
ပင်းတယ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊သိမ်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းရှိ သဒ္ဓါ ပညာ သမ္ပဒါ ဗိမာန်တော်တွင် အောက်တိုဘာလ ၁၆ရက် မွန်းလွဲ ၁နာရီအချိန်က နှစ်ကျိပ်ဆစ်ဆူဆွမ်းလောင်းအောင်ပွဲနှင့်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်တာဝန်ရှိသူများ၊သိမ်ကုန်းကျေးရွာ ( ၇ )ရက်သားသမီးများ၊ရပ်ဝေး/ရပ်နှီးမှ အလှူရှင်အလှူ
ဒါယာက၊အလှူဒါယိကာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တက်ရောက်လာကြသူများက နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ထိုနောက် သဒ္ဓါပညာ သမ္ပဒါ ဗိမာန်တော်အတွက် လှူဒါန်းထားသော အလှူရှင်များကို တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ပြီး၊ရွှေကိန္နရီတေးဂီတအဖွဲ့မှ ကျောင်းလွတ်ပူဇာတေးထပ်ဖြင့် သီဆိုပူဇော်ပေးပြီး၊ဘော်ဆိုင်းမြို့၊ရွှေမြစည်ကျောင်းဆရာတော်ထံ ဧည့်ပရိတ်သတ်အပေါင်းတို့ကဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး၊ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဇာယ်ချီးမြှင့်ပေးတော်မူသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းမှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပေးသည်။ဆက်လက်၍ မဖူးဝတီချိုက တရားတောင်းပန်လျှောက်ထားပေး၍ တက်ရောက်လာသည့်ဧည့်ပရိတ်သတ်များမှ ရွှေမြစည်ကျောင်းဆရာတော် ဟော်ကြားသည့်အနုမောတနာတရာတော်ကိုနာယူကြာကာ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ” ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။