ပင်းတယ  စက်တင်ဘာ ၂၂
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊နန်းကုန်းကျေးရွာ‎အုပ်စု၊နန်းကုန်းနီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၂၂ရက် နံနက် ၁၀ နာရီအချိန်က ME‎VM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် မြို့နယ်ရွေး‎ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ ME‎VM ( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပင်းတယ‎မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေ‎ထွေရွေးကောက်ပွဲအားဟန့်တားဖျက်ဆီးခြင်း‎နှင့်ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
‎ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် နန်းကုန်းကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်‎မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်လာသည် ထွက်နီကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ ကျေး‎ရွာသူ/ကျေးရွာသားများက  မိမိတို့၏ဒေသဖွံ့‎ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‎ယင်းနောက်မွန်းလွှဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူ‎များသည် နန်းကုန်းကျေးရွာအတွင်း ဘောလုံး‎အားကစားကွင်း တည်ဆောက်မည့်မြေနေရာနှင့်‎နန်းကုန်းနီးကျေးရွာ အခြေခံပညာအလယ်တန်း‎ကျောင်း (ခွဲ) သို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး