
ပင်းတယ ဩဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊မိုင်းလီကျေးရွာအုပ်စု၊မိုင်းလီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၂၈ရက် နံနက် ၁၀ နာရီခွဲက MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအားအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှကြီးမှူး၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသော အစိုးရအား နိုင်ငံတော်တာဝန်လွဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပါဒီစုံဒီမိုကရေစီရွေးကောက်ပွဲများလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါဒီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပါဒီစုံဒီမိုကရေစီရွေးကောက်ပွဲအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ပင်းတယမြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပင်းတယမြို့နယ်မဲရုံများတွင် (MEVM)မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း စသည်တို့ကိုပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM ( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Pointဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်းသိရသည်။ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မိုင်းလီကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (ME
VM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး