
ပင်းတယ ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊သိမ်ကုန်းကျေးရွာအုပ်စု၊သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ်လ(၁၂)ရက်နံနက် ၁၀ နာရီအချိန်ကပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်ဆက်စပ်သည့်ဌာနဆိုင်ရာများနှင့်ကျေးရွာသူ/ကျေးရွာသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ထိကြောင့်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် သိမ်ကုန်းကျေးရွာအုပ်စု၊ကုန်းစောင်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိကျေးများတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊လမ်းတံတားများ၊အိမ်ခြံမြေများပျက်စီးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊အဆိုပါသဘာဝဘေးကြောင့် ပျက်စီးခဲ့သည့်နေရာများ မိမိတို့နှင့်အတူဆက်စပ်သည့်ဌာနများမှ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေပြီး၊ယခုအခါ ရေကြီးရေလျှံမှုကြောင် လယ်ယာများတွင် စိုက်ပျိုးထသည့် မိုးသီးနှံစိတ်ခင်းအများအပြားပျက်စီးခဲ့ပါကြောင်းနှင့်ဆောင်းသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် အတွက်လုပ်ဆောင်ပေးနေပြီဖြစ်ပါကြောင်းနှင့်ယခုဖြစ်ပွားခဲ့သည့် သဘာဝဘေးမှာ အဓိက သစ်တော သစ်ပင်များပြုံးတီးလာခြင်းကြောင့်ဖြစ်ပါကြောင်း၊မိဘပြည်သူများအနေနဲ့လည်း သစ်တောသစ်ပင်များကို ပြန်လည်စိုက်ပျိုးပေးစေလိုကြောင်းနှင့်ပျက်စီးဆုံးရှူံးခဲ့သည် အိမ်များနှင့်စိုက်ပျိုးမြေများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဌာနကို တင်ပြတောင်းခံပြီးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားပေးသည်။
ထို့နောက် ပြည်နယ်ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ပင်းတယမြို့နယ်တွင် ရေကြီးမှုနှင့်တောင်ပေါ်မြေများပြိုကျခဲ့ရသည့်အခြေအနေနှင့်မြေပြိုမှုအခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပေးသည်။ယင်းနောက် ရေကြီးရေလျံမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်အသီးသီး အသိပညာပေးပြောကြားပေးသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းအစီအစဉ်အားဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ဒေသနေပြည်သူများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွင်လိုအပ်သည်များကိုပြောကြားရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ စက်ယန္တရားနှင့်စက်သုံးဆီထောက်ပံ့ပေးပြီး ကျေးရွာလူထုပူးပေါင်းပါဝင်မှုဖြင့် တောင်ကျမိုးရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ပန်ပိုင်းတံတား ပြန်လည်ပြုပြင်ပြီးစီးအခြေအနေများနှင့်တောင်ရှည်ကျေးရွာအုပ်စု လည်ပြင်ကျေးရွာ Pilort project ဖြင့် ဆင်းရွှေကြာ ၂ စိုက်ပျိုးမည့်နေရာများ၊ လယ်ယာမြေစိုက်ခင်းအတွင်းရေပေးဝေနိုင်ရေးအတွက် ရေနှုတ်မြောင်းတူးဖော်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်းသိရသည်
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး