‎ပင်းတယ   ဇူလိုင်   ၃၁
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိမိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါသဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာမှာပြည်သူများ အဆင်ပြေစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက သိမ်ကုန်းကျေးရွာအုပ်စုအတွင်း မြေနေရာသစ် ရှာဖွေခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်း ၏လမ်းညွှန်မှုဖြင့်သိမ်းကုန်ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့်  ကုန်းစောင်းကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ပင်းတယမြို့နယ် လူဝန်မှုကြီးကြပ် ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု(၁၄)စု၊ နိုင်ငံသားစိစ်ရေးကတ်ပြား ပျောက်ဆုံး(၁၀)ဦးအား မိတ္တူထုတ်‌ပေးနေမှုကိုကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့ နောက် ပညာရေးဌာနမှ ကုန်းစောင်းကျေးရွာရှိ  အခြေခံပညာ မူလတန်းကျောင်းတွင်ပညာသင်ကြားနေသည့်ကျောင်းသား/ကျောင်းသူများအတွက်ပေးအပ်လှူဒန်းသည့်ကျောင်းဝတ်စုံ၊ဖတ်စာအုပ်နှင့်ကျောင်းသုံးစာရေးကရိယာများကိုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်လှူ ဒါန်းခဲ့သည်။
ဆက်လက်၍ ကုန်းစောင်းကျေးရွာ နှင့်သိမ်ကုန်းကျေးရွာသွားလမ်းများ၊  တံတားများ ပြန်လည်ပြုပြင်နေမှု   အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်  ကြံခင်းမြောင်ကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသခံ ပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကိုဆွေးနွေးတင်ပြခဲ့ရာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး