မိုင်းဆတ် ဒီဇင်ဘာ၁၂
မိုင်းဆတ်မြို့၊ မြို့သစ် ရပ်ကွက် ဆေးရုံ လမ်းဆုံ တွင် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက် နေ့ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေး ကြမယ်” ရွေးကောက်ပွဲမှသည် ပိုမိုကောင်း မွန်သော အနာဂတ် ဆီသို့ Bill Board စိုက်ထူပွဲကို ဒီဇင်ဘာလ(၁၂) ရက် နံနက် (၈) နာရီတွင် စကခ(၁၄) မှစစ်ဦးစီးမှူး (ပထတန်း) ဒုတိယ ဗိုလ်မှူး ကြီးသိန်းဇော်၊ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ) ဦးညီညီ ထွေးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ) နှင်. အဖွဲ့ဝင်များ၊ ခရိုင်/မြိုနယ် ရွေးကောက်ပွဲ ကော်မရှင် (ဥက္ကဋ္ဌ)များ၊ ခရိုင် /မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာ အဖွဲများ၊မိခင်နှင် ကလေးစောင့်ရှောက် ရေးအဖွဲ့များတက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ် စိုက်ထူခြင်း အမွေးနံသာများ ပက်ဖြန်းခြင်း ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့