
တောင်ကြီး ဩဂုတ်-၁၂
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ဩဂုတ်လ(၁၂) ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သူများ၊ ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်းအင်အား (၄၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ လိုက်ပါ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး