
တောင်ကြီး ဩဂုတ်-၁၃
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် သစ်တောရပ်ကွက်၊ TBC အိမ်ရာဝင်းအတွင်း မြေငှါးဂရန် လျှောက်ထားသည့် မြေနေရာသို့ ဩဂုတ်လ(၁၃)ရက်၊ ညနေ(၄)နာရီခွဲတွင် လျှောက်လွှာပါ မြေဧရိယာနှင့် အလား(၄)ရပ်မှန်ကန်မှုရှိ/မရှိတို့ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရုံးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး