
တောင်ကြီး မတ်-၅
လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကိုလေ့ကျင့် လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများ၊ နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုသည့် မြင့်မားသော ရည်ရွယ်ချက်များစွာနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲကို မတ်(၄)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုနွေရာသီ အားကစားသင်တန်းများကို တက်ရောက်သင်ကြားကြမည့် လူငယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစား ဆပ်ကော်မတီဝင်နည်းပြများက ခေတ်မှီနည်းစနစ်များနှင့် စနစ်တကျအရှိန်အဟုန်မြှင့်တင်၍ ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် မိမိတို့သင်ကြားသည့် အားကစားနည်းများအလိုက် ထူးချွန်သူများဖြစ်လာရန်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့် လူတော်လူကောင်းများ ဖြစ်လာအောင်ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နည်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ကြပြီး သင်တန်းသား၊ သင်တန်းသူများမှ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဝူရှူးသရုပ်ပြသ၍ ဘင်ခရာတပ်ဖွဲ့နှင့် အားကသားနည်းအလိုက် အထောက်အကူပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး