တောင်ကြီး ဒီဇင်ဘာ ၁၇
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးရှေ့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတွင် ဒီဇင်ဘာလ ၁၇ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဌေးရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ တောင်ကြီးမြို့မရဲစခန်းမှ ရဲအုပ် အုန်းခိုင် ဦးစီး(၃+၇)၊ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်း/တောင်)မှ ရဲအုပ် မျိုးမြင့်အောင်နှင့် တပ်ဖွဲ့ဝင် များ၊ ပြည်နယ် / ခရိုင် / မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင့်ဝါလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်ဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ များပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” စာသားနှင့် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန် သော အနာဂတ်ဆီသို့” စာသားပါ လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေပေး ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
