
တောင်ကြီး အောက်တိုဘာလ ၂၃ ရက်
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မဲစာရင်းမှန်ကန်စေရေးနှင့် မဲစာရင်းကျန်ရှိမှု မရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကို အောက်တိုဘာလ ၂၃ ရက် နံနက်(၉)နာရီတွင် ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၀) ဦးခန့် ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့