တောင်ကြီး ဇွန်-၁၁
တောင်ကြီးမြို့၊ရေပေးဝေရေးလုပ်ငန်းနှင့်ကလောမြို့၊ အောင်ပန်းမြို့များတွင်တိုးချဲ့ရေပေးဝေ
နိုင်ရေးအတွက်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဇွန်(၁၀)ရက် ညနေ(၄)နာရီကတောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်းသိရသည်။
တောင်ကြီးမြို့၊ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား တောင်ကြီး
မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိမှရှင်းလင်းတင်ပြပြီး ကလောမြို့နှင့်ကောင်ပန်းမြို့တိုးချဲ့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကလောမြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိမှရှင်းလင်းတင်ပြကြသည်။
တောင်ကြီးမြို့ရေပေးဝေရေးလုပ်ငန်းတွင် မြို့ပေါ်(၂၂)ရပ်ကွက်ရှိပြီးအိမ်ခြေပေါင်း(၃၀၂၈၈)အိမ်လူဦးရေ(၁၄၃၀၇၈)ဦး၊ တစ်နေ့ရေလိုအပ်ချက်(၂.၈၆၁၅၆)သန်း/ဂါလံ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှတစ်နေ့ရေပေးဝေနိုင်မှု(၁.၃၄၄)သန်း/ဂါလံ၊ စည်ပင်မှရေပေးဝေနိုင်သည့် ရပ်ကွက်(၂၀)ရပ်ကွက်နှင့်
လူဦးရေ(၆၇၂၄၅)ဦး၊ ရေပေးဝေနိုင်ခြင်းမရှိသောရပ်ကွက် ကျောင်းကြီးစုနှင့်ကံကြီးရပ်ကွက်ဖြစ်ပြီး
မြို့နယ်စည်ပင်သာယာရေးဌာနမှရေပေးဝေမှုရာခိုင်နှုန်း၄၇ရာခိုင်နှုန်း၊ပုဂ္ဂလိက၊လူမှုရေးအဖွဲ့အစည်းများ၏ရေပေးဝေနိုင်မှုမှာ(၁.၅၆၃၅၆)သန်း/ဂါလံ၊ရေပေးဝေနိုင်မှု၅၃ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
ကလောမြို့ပေါ်ရပ်ကွက်များသို့လက်ရှိရေပေးဝေနေမှုမှာ ရပ်ကွက်(၁၁)ရပ်ကွက်၊အိမ်ခြေပေါင်း
(၄၂၅၄)၊လူဦးရေ(၁၈၁၄၄)၊မြို့ရေပေးဝေရေးအတွက် အသုံးပြုသောရေထွက်ပင်ရင်း(၃)ခု၊တစ်နေ့ရေလိုအပ်ချက်(၆.၈၀)မြို့နယ်စည်ပင်သာယာရေးဌာနမှ တစ်နေ့ရေပေးဝေနိုင်မှုပမာဏ ဂါလံသိန်းပေါင်း(၅.၈)၊ ရေပေးဝေနိုင်မှု(၇၉)ရာခိုင်နှုန်း၊ရေလိုအပ်ချက်ဂါလံသိန်းပေါင်း(၁)သိန်း၊အောင်ပန်းမြို့ရေပေးဝေမှုမှာရပ်ကွက်(၁၂)ရပါကွက်၊အိမ်ခြေ(၆၈၀၇)အိမ်၊လူဦးရေ(၃၁၃၈၈)ဦးရှိပြီးတစ်နေ့ရေလိုအပ်ချက်မှာ (၇.၅)သိန်းဖြင့်ပြီး အောင်ပန်းမြို့သို့ငါးကြောင်အိုင်ဆည်ရေထွက်နှင့်နန်းအွန်ရေထွက်တို့မှပေးဝေလျက်ရှိကြောင်းသိရသည်။
ထို့နောက်တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်
ဥပဒေချုပ်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ရေပေးဝေရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍
ဆွေးနွေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ကအမှိုက်များသိမ်းဆည်းရေး၊ စနစ်တကျစွန့်ပစ်ရေးကို စည်ပင်သာယာ ဥပဒေ နှင့်အညီ ထိန်းသိမ်းကြပ်မတ်ရန်လိုအပ်ကြောင်း၊ ရေပေးဝေရေးလုပ်ငန်းသည် စည်ပင် သာယာရေးဌာန၏ ပင်မလုပ်ငန်းဖြစ်သဖြင့် ရေထွက်အရင်းအမြစ်များထိန်းသိမ်းရေး၊ တိုးချဲ့ရေးပေးဝေ နိုင်မည့် Plan များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့သာယာလှပရေးနှင့် သန့်ရှင်းသာယာရေးကိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့်မိမိဆောင်
ရွက်လိုသည့်ကိစ္စရပ်များရှိပါက တင်ပြပေးရန်နှင့်အလေးနက်ထားဆောင်ရွက်ပေးမှသာ ပြည်သူများအတွက်အကျိုးရှိမှာဖြစ်ကြောင်းဆွေးနွေးပြောကြားသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး