တောင်ကြီး မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စည်ပင်သာယာရေးဌာနမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မတ်လ ၁၅ ရက် နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
လမ်းမကြီးပေါ်တွင် U Turn မရောက်မီ (50m မှ 100m) ကြိုတင်၍ လမ်းနှစ်ဖက်လုံး၌ ရှေ့တွင်ရှိသည့် ဆိုင်းဘုတ်တပ်ဆင်ပေးသင့်ကြောင်း၊ လမ်းသွယ်ဘက်မှ တက်လာမည့် ယာဉ်များအတွက် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ယာဉ်များအား စောင့်ဆိုင်းနိုင်စေရန် စောင့်ဆိုင်းသည့် ဆိုင်းဘုတ် တပ်ဆင်ရန်နှင့် ရပ်ဆိုင်းဘုတ်၊ လမ်းမကြီးပေါ်တွင် ရှေ့တွင် ညာဘက်လမ်းသွယ်ရှိသည့် ဆိုင်းဘုတ်တပ်ဆင်ပေးနေသည့် နေရာသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ လမ်းဦးစီး၊ စည်ပင်သာယာရေးဌာန၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့များနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်ရှိ မှတ်တိုင်နှင့်ဆိုင်းဘုတ်များ တပ်ဆင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး