တောင်ကြီး ဇန်နဝါရီ-၂၁
မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတို့အတွက် ဇန်နဝါရီ(၂၁)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ နားဟီး(ရှေ့/နောက်)ထီဖူး-ထီနို့–ထီဝါးမွူး ၅/မိုင်တွင် ၁/၄မိုင် ကတ္တရာလမ်းဖွင့်ပွဲကိုအဆိုပါရွာ၌ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ နားဟီး(ရှေ့/နောက်)-ထီဖူး-ထီနို့-ထီဝါးမွူး ကျေးရွာချင်းဆက်လမ်း ၅/၀မိုင်တွင်၁/၄မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သောလမ်းဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးညီညွတ်မှုတို့ကြောင့် ဒေသခံမိဘပြည်သူများ လက်တွေ့ရရှိခံစားရပြီး ဒေသဖွံ့ဖြိုးမှု အသီးအပွင့်အကျိုးကျေးဇူးများလည်းဖြစ်ပါကြောင်း၊ ယခုကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် လမ်းပိုင်းသည် တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ကျောက်တလုံးကြီးမြို့များသို့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် ကူးသန်းသွားလာရာတွင် အလွန်အရေးပါသည့်လမ်းဖြစ်သလို ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာရာတွင်လည်းကောင်း၊ မြို့ပြသို့ဒေသထွက်ကုန်သီးနှံများ တင်ပို့ရောင်းချရာတွင်လည်းကောင်း၊ မြို့ပြနှင့်ကျေးလက် ဆက်သွယ်သွားလာရာတွင်လည်းကောင်း များစွာအကျိုးပြုသည့် လမ်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့်လမ်းပိုင်းကိုလည်း ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်ကတ္တရာလမ်းသည် ၂၀၂၃ – ၂၀၂၄ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၅ – ၂၀၂၆ဘဏ္ဍာရေးနှစ်အထိ ကတွတရာလမ်း(၁)မိုင်(၄)ဖာလုံအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်စုစုပေါင်း၄၀၀ဒဿမ၅၁၃သန်းသုံးစွဲခဲ့ပါကြောင်း၊ကတ္တရာလမ်းဆောင်ရွက်ပြီးစီးခဲ့သည့်အတွက်လမ်းပေါ်ရှိကျေးရွာအုပ်စု(၁)စု၊ကျေးရွာ(၅)ရွာ၊အိမ်ထောင်စုပေါင်း(၃၃၉)စူ၊လူဦးရေ(၁၅၂၅)ဦးအားအကျိုးပြုနိုင်မည့်အပြင်အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှလည်းလမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စွာဖြင့်ဒေသစိုက်ပျိုးသီးနှံကုန်စည်စီးဆင်းမှုများကောင်းမွန်လာပြီးမိသားစုဝင်ငွေများတိုးပွားလာကာမြို့ပြနှင့်ကျေးရွာများအကြားဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ဒေသခံပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးကတ္တရာလမ်းအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ပြညနယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းရပ်မိရပ်ဖတစ်ဦးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
၎င်းနောက်ကတ္တရာလမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအားပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများကိုရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး၊ညွှန်ကြားရေးမှူးဦးရဲလွင်ဦးမှပေးအပ်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကတ္တရာလှမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်၊ကျောက်တလုံးမြို့၊နောင်ကားကျေးရွာအုပ်စု၊နောင်ကား-နောင်ယွေး–တွန်မုန်း၊ ဟိုတပ်လမ်း၈/၆မိုင် ကတ္တရာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကယနေ့ဖွင့်လှစ်ပေးသည့်လမ်းမှာတောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကား-နောင်ယွေး-တွန်မုန်း-ဟိုတပ်၉/၄မိုင်အနက်၈/၆မိုင် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့်ကတ္တရာလမ်းသည်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစ၍၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အထိ ကတ္တရာလမ်း(၈)မိုင်(၆)ဖာလုံအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေစုစုပေါင်း၁၁၉၃ဒဿမ၄၅သန်းသုံးစွဲခဲ့ပါကြောင်း၊ကျန်ရှိသည့်လမ်းပိုင်းကို၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ယခုကတ္တရာလမ်းဆောင်ရွက်ပြီးစီးခဲ့သည့်အတွက်ကျေးရွာအုပ်စု(၂)အုပ်စု၊ကျေးရွာပေါင်း(၄)ရွာ၊အိမ်ထောင်စုပေါင်း(၆၁၈)စု၊လူဦးရေ(၂၇၈၂)ဦးအားအကျိုးပြုမည့်အပြင် ဆီဆိုင်မြို့နယ်မှခရီးသွားပြည်သူများအနေဖြင့် တောင်ကြီးသို့သွားရောက်ရာတွင်လည်းဟိုပုံးမြို့သို့သွားလာစရာမလိုဘဲနောင်ယားဆိုင်းမှတစ်ဆင့်တောင်ကြီးမြို့သို့သွားလာနိုင်သည့်အတွက်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်များစွာအကျိုးပြုသောလမ်းဖြစ်ပါကြောင်းပြောကြားသည်။
ထိုနောက်ဒေသခံပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးကတ္တရာလမ်းအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံ၊ရပ်မိရပ်တစ်ဦးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
၎င်းနောက်လမ်းဖွင့်ဖွဲအထိမ်းအမှတ်အလံများအားရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများကိုရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး၊ညွှန်ကြားရေးမှူးဦးရဲလွင်ဦးမှပေးအပ်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တွန်မုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာကျောင်းထိုင်ဘုန်းကြီးအားဖူးမြော်ကြည်ညို၍လှူဖွယ်ဝတ္တုပစ္စည်းနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရှိရသည်။
ဆက်လက်၍မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်အောင်မြင်မှုများရရှိသဖြင့်ဝိုင်းဝန်းကြိုးစားပေးကြသောဌာနဆိုင်ရာများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊လုံခြုံရေးကဏ္ဍတွင်လည်းလစ်ဟင်းမှုမရှိအောင်ဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊အပိုင်း(၃)တွင်လည်း(၉)မြို့နယ်ကျင်းပသွားမည်ဖြစ်ပြီးလုံခြုံရေးကဏ္ဍများတွင်လည်းမဲပေးမည့်ပြည်သူများထိခိုက်မှုမရှိစေရေးအတွက်မဲရုံပိတ်သိမ်းသည့်အထိဆောင်ရွက်ပေးကြရန်၊အပိုင်း(၃)တွင်လည်းအောင်မြင်မှုရရှိအောင်ဆောင်ရွက်ပေးကြရန်နှင့်သက်ဆိုင်ရာဌာနများကလည်းတွေ့ကြုံရသည့်အခက်အခဲများကိုကဏ္ဍအလိုက်ဆွေးနွေးတင်ပြပေးကြရန်နှင့်လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
၎င်းနောက်တက်ရောက်လာကြသည့်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊Onlineမှတက်ရောက်ကြသောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကများမှပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ဆွေးနွေးတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး၍ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ယင်းနောက်ရှမ်းပြည်နယ်အတွင်းရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌနများ၊အတွင်းရေးမှူးများ၊နယ်စပ်ဖြတ်ကျော်မီးခိုမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုအလျော့ချရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအမှာစကားပြောကြားပြီးရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ဦးမင်းသိန်းကရှမ်းပြည်နယ်အတွင်းမီးလောင်ကျွမ်းမှုFire Hotspotဖြစ်ပေါ်မှု အခြေအနေများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာဆောင်ရွက်မှုများရှင်းလင်းတင်ပြသည်။
ထိုနောက်တက်ရောက်လာကြသည့်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊သက်ဆိုင်ရာဌာနများကဆွေးနွေးတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ကနိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
