တောင်ကြီး ဒီဇင်ဘာလ ၁၀ ရက်
တောင်ကြီးမြို့၊ ခရိုင်/ မြို့နယ်စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထပ်တိုး ၃.၆ ဘီလီယံဖြင့် နှစ်ရှည်မွေးမြူရေးလုပ်ငန်း ဥစားကြက်၊ နို့စားနွားမွေးမြူရေးစီမံကိန်းများ ဆောင်ရွက်မည့် မြို့နယ်အဆင့်လုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)အား ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်း(၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ကော်မတီဝင်များဖြစ်သော ခရိုင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေနှင့် ပတ်သက်၍ ချေးငွေလည်ပတ်သုံးစွဲခြင်း ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း SOP ညွှန်ကြားချက်များ၊ တောင်ကြီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ တိုးတက်မွေးမြူမှုအခြေအနေများ၊ အသား / ဥ ထုတ်လုပ်နိုင်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထပ်တိုး ၃.၆ ဘီလီယံမှ ချေးငွေရယူရန် တင်ပြထားရှိသော မွေးမြူရေးလုပ်ငန်းရှင်များ၏ ချေးငွေအဆိုပြုလွှာများအား စိစစ်အကဲဖြတ်၍ စိစစ်ချက်နှင့်အတူ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီသို့ ဆက်လက်ထောက်ခံ တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများခဲ့ပါကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး DEO Software, Admin DEO Software များတွင် စာရင်းဖြည့်သွင်းခြင်း၊ လူမျိုးသတ်မှတ်ခြင်း၊ မဲစာရင်းအမှတ်စဉ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက်ရာ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ Server အတွင်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့