တောင်ကြီး ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃-၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် အ‌သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ရန် (၂၈၀) ခု လျာထားခဲ့ပြီး ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း(၁၃၉၈)ကို မှတ်ပုံတင်ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် လုပ်ငန်းအသစ် လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း(၂၁)ခု၊ လူသုံးကုန်လုပ်ငန်း(၄)ခု၊ အဝတ်အထည်လုပ်ငန်း(၅)ခု၊ အိမ်ဆောက်ကုန်လုပ်ငန်း(၂)ခု၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း(၁၁)ခု၊ ကုန်ကြမ်းလုပ်ငန်း(၁)ခု၊ စက်မှုအလုပ်ရုံလုပ်ငန်း(၃)ခု၊ ပုံနှိပ်လုပ်ငန်း(၂)ခု နှင့် အထွေထွေလုပ်ငန်း(၂၇)ခု၊ စုစုပေါင်း(၇၆)ခု ရှိကြောင်းသိရပြီး အဆိုပါလုပ်ငန်းများအတွက် ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မှတ်ပုံတင်များ လာရောက်လျှောက်ထားစဉ် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ စားသောက်ကုန်များကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်ထားခြင်း ရှိ/မရှိ ဓါတ်ခွဲစမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ မြင်းကောင်ရေ (၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား(၉)ဦး ထက်မပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား (၃)ဦးနှင့် အထက်ရှိသည့် လက်မှုလုပ်ငန်းများကို တရားဝင်ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိရေး မြန်မြန်ဆန်ဆန် စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရန်လိုကြောင်း၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မှတ်ပုံတင်လုပ်ငန်းအသစ်များ တိုးပွားလာ စေရေးနှင့် ပေါ်ပေါက်လာစေရေးတို့ကို ဆောင်ရွက်ခြင်းအပြင် မှတ်ပုံတင်ပြီးလုပ်ငန်းများကို ထဲထဲဝင်ဝင်လေ့လာပြီးဖြစ်ပေါ်နေသည့် အခက်အခဲများ၊ ပြဿနာစိန်ခေါ်မှုများကို ကူညီဖြေရှင်း ပေးစေလိုကြောင်း၊ မြေပြင်တွင် အမှန်ရှိသည့်လုပ်ငန်းများနှင့် လက်ရှိမှတ်ပုံတင်ထားသူများ စာရင်းတိုက်ဆိုင်စစ်ဆေး၍ လုပ်ငန်းလုပ်ကိုင်နေသူ၊ ခေတ္တဆိုင်းငံ့နေသူနှင့် ပယ်ဖျက်သူများ စာရင်းကိုလည်း ကောက်ယူဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အ‌သေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မှတ်ပုံတင်လုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေး ကြကြောင်းနှင့် လုပ်ငန်းမှတ်ပုံတင်များအတည်ပြုခြင်းကို ဆက်လက်ဆောင်ရွက်ကြပြီး အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့