တောင်ကြီး စက်တင်ဘာ- ၂၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ (၅)ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက် (၆)နာရီက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများသည် ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက က ပဋ္ဌာန်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ ထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ တောင်ကြီးမြို့အောင်ဗောဓိမြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရ က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး