
တောင်ကြီး ဩဂုတ်၂၂
တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လှိုင်သည် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၂)ရက်၊ နံနက်(၉)နာရီတွင် ၂၀၂၅ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးပုံးပျံပညာရှင်များ အပါအဝင် စုစုပေါင်း အင်အား (၂၅)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍၂၀၂၅ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ၂၀၂၅ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကို နေ့လည်(၁)နာရီက သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးပုံးပျံပညာရှင်များ၊ အိမ်ရာစီမံကိန်း လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိကကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သတ္တုလုပ်ငန်း ရှင်များ၊ ရွှေလုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ ယာဉ်လိုင်းပေါင်းစုံ လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်းအင်အား (၂၀၀)ဦးခန့်နှင့်အတူ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်မှ လိုက်ပါတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး