‎‎
တောင်ကြီး ဇန်နဝါရီလ၁၉ ရက်
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ မင်းကျန်စစ်ဝန်ထမ်းအိမ်ရာ ဘေးပတ်ဝန်းကျင်အနီးတွင် တရားမဝင်ကျူးကျော်သည့် ဘုန်းကြီးကျောင်းနှင့်နေအိမ်တို့အား ဇန်နဝါရီလ၁၉ရက် နေ့လည်(၁၂)တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ဇန်နဝါရီလ၁၉ ရက် နေ့လည်ပိုင်းက ဖယ်ရှားနိုင်ရေးအတွက် အေးသာယာမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ရုံးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး