
တောင်ကြီး ဩဂုတ်-၂၃
တောင်ကြီးခရိုင်/ မြို့နယ်စုပေါင်းရုံးဝင်းအတွင်း၌ ရုံးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိစေရေး စုပေါင်းရုံး ဝင်းအတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဩဂုတ်လ(၂၃)ရက်၊ နံနက်(၇)နာရီတွင် သန့်ရှင်းရေး ဆောင်ရွက်နေသည့် နေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် လွိုင်ခမ်းအိမ်ရာအတွင်း သစ်တောဦးစီးဌာန၏ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အိမ်ရာများအား ညနေ(၃)နာရီတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး