တောင်ကြီး ဒီဇင်ဘာလ ၂ ရက်
တောင်ကြီးမြို့နယ်၊ ရပ်ကွက် / ကျေးရွာအုပ်စု(၇၅)ခုအနက် Door to Door ဆောင်ရွက် နေသည့် နန်းဟောင်းကျေးရွာအုပ်စုသို့ တောင်ကြီးနယ်မြေ(၁)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျ၊ တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် အဖွဲ့၀င်များမှ ကုန်းကျောင်းကျေးရွာ၊ နန်းဟောင်းမွေတော်ဘုန်းကြီး‌ကျောင်း၌ ဒီဇင်ဘာလ ၂ ရက် နေ့လည်(၁၁)နာရီခွဲတွင် နန်းဟောင်းကျေးရွာအုပ်စု၊ ကျေးရွာ(၁၆)ရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူကြီးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး / ဆယ်အိမ်မှူး များအား မဲစာရင်းမှန်ကန်ရေး လိုအပ်ချက်များ၊ အခက်အခဲများ ရှိ / မရှိ မေးမြန်းကာ သတ်မှတ်ချိန် အတွင်း အချိန်မှီပြီးစီးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အထူးဂရုပြုစိစစ် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကုန်းကျောင်းကျေးရွာအတွင်း Door to Door ကွင်းဆင်းစိစစ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး