တောင်ကြီး စက်တင်ဘာ၁၇
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ မင်းကျန်စစ် ဝန်ထမ်းအိမ်ရာ ဘေးပတ်ဝန်းကျင် အနီးတွင် စက်တင်ဘာ (၁၇)ရက်၊ နေ့လည်(၁၁)နာရီ၌ တရားမဝင် ကျူးကျော်နေထိုင်လျက် ရှိသည့် နေအိမ်များအား ဖယ်ရှားရှင်းလင်းနိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အေးသာယာမြို့အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး