
တောင်ကြီး စက်တင်ဘာ-၉
တောင်ကြီးခရိုင်/ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ(၉)ရက်၊ နံနက်(၉)နာရီတွင် တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြားခရိုင်နှင့်မြို့နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိ(၂)ဦး၏ ပြောင်းရွှေ့နှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်ထမ်းများနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူတက်ရောက်ခဲ့ပြီး နှုတ်ဆက်အမှာစကားပြောကြားခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိ(၂)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ တက်ရောက်လာသော ဧည့်သည်များနှင့် ခရိုင်ရုံး ဝန်ထမ်းများအား နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး