တောင်ကြီး စက်တင်ဘာ -၈
တောင်ကြီးမြို့ ကံကြီးရက်ကွက်တွင် “လူကုန်ကူးမှု တိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်စိုက်ထူပွဲကို စက်တင်ဘာ (၈)ရက်၊ နံနက်(၈)နာရီတွင် (၄)မိုင်စစ်ဆေးရေးဂိတ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါစိုက်ထူပွဲ သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ လိုက်ပါတက်ရောက်ခဲ့ကြသည်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ မင်းကျန်စစ်ဝန်ထမ်းအိမ်ရာ ဘေးပတ်ဝန်းကျင်အနီးတွင် တရားမဝင်ကျူးကျော်နေထိုင်သည့် နေအိမ်များရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့်အတူ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အေးသာယာမြို့ အုပ်ချုပ်ရေးမှူးနှင့်အတူလိုက်ပါ၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး