တောင်ကြီး ဇန်နဝါရီ-၈
ရပ်စောက်မြို့နယ်၊ ရဿဝတီခန်းမ၌ ထိန်းသိမ်း ထားရှိသည့် MEVM စက်များအား ဇန်နဝါရီလ(၈)ရက် နေ့လည်(၁၁)နာရီတွင် ရပ်စောက်မြို့နယ်အတွင်းရှိ မဲရုံ(၈၇)ရုံသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မဲရုံမှူး/ ဒု-မဲရုံမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များမှ မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်၍ မဲရုံများတွင် MEVM စက်များ နေရာချ ထားမှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်(ပ/၃၅၆၄)သည် ရပ်စောက်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ MEVM စက်များ သယ်ယူပို့ဆောင်နေရာချထားမှုအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးမှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့