
တောင်ကြီး အောက်တိုဘာ၂
တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို အောက်တိုဘာ (၂)ရက်၊ မွန်းလွဲ(၂)နာရီတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လှိုင်သည် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန အပါအဝင် စုစုပေါင်းအင်အား (၂၀)ဦးခန့် တက်ရောက် ခဲ့ပြီး ပါမိုးနဲသုဿန်ရွှေ့ပြောင်းနိုင်ရေးကိစ္စ၊ မြေစာရင်းပုံစံ (၁၀၅)ရေးကူးခွင့်ကိစ္စ၊ သစ်ပင်ထောင်ရေထွက်မှ ဧရိယာ(၄.၆၆၅)ဧကအား ခြံစည်းရိုး ကာရံနိုင်ရေးကိစ္စ၊ အေးသာယာမြို့နှင့် ဆက်စပ်လျက်ရှိသော လစ်လပ်မြေ(၅၈၀)ဧကပေါ်တွင် စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စနှင့် အဆင့်မြှင့်ဈေးသစ်ကြီး တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့