တောင်ကြီး နိုဝင်ဘာ ၃၀
တောင်ကြီးမြို့နယ်၊ ရပ်ကွက် / ကျေးရွာအုပ်စု(၇၅)ခုအနက် Door to Door ဆောင်ရွက်နေသည့် မြို့ပေါ်ရပ်ကွက်များမှ စိန်ပန်း၊ ချမ်းမြသာစည်၊ ပြည်တော်သာ၊ စပ်စံထွန်းရပ်ကွက်များသို့ နိုဝင်ဘာလ၃၀ ရက် နံနက်(၁၁)နာရီတွင် တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် အဖွဲ့၀င်များမှ လှည့်လည်ကြည့်ရှု့ အားပေးခဲ့ပြီး လိုအပ်ချက်များ / အခက်အခဲများရှိ / မရှိမေးမြန်းကာ သတ်မှတ်ချိန်အတွင်း အချိန်မှီ ပြီးစီးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အထူးဂရုပြုစိစစ်ဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး