
တာချီလိတ် မတ်-၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက်ဦးစီးပဓာန၊ နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒစရိယ)၏ အန္တိမအဂ္ဂ်စျာပနပွဲအတွက် (ဒုတိယ)အကြိမ် အလှူတော်ငွေပေးအပ်ပွဲကို မတ်(၁၀)ရက်နံနက်(၈)နာရီခွဲက တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ဝစီပိတ်ဆရာတော်ဘဒ္ဒန္တကောဝိဒ (အဂွဂမဟာသဒ္ဓမ္မဇော်တိကဓဇ) အရှင်သူမြတ်ထံ ငါးပါးသီလ ခံယူဆောက်တည်၍ သြဝါဒခံယူပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)၏ အန္တိမအဂ္ဂိစျာပနပွဲအတွက် အလှူရှင်များက(ဒုတိယအကြိမ်) အလှူငွေများ ပေးအပ်လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးအဖွဲ့မှ အလှူငွေကျပ်သိန်း(၁၀၀)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ အလှူငွေကျပ်သိန်း(၁၀၀) လှူဒါန်းပေးကြရာ နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်းဝင်းတို့က လက်ခံရယူကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အလှူငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က လက်ခံရယူပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီး ဌာနဆိုင်ရာ၊ အလှူရှင်များမှလှူဒါန်းသော အလှူငွေများကို ပြည်နယ်ဝန်ကြီးများက လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ပြုပြုသမျှသော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ဆရာတော် ဘဒွဒန္တသုဓမ္မ (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A (သီရိလင်္ကာ)မဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ရေစက်သွန်းချအမျှဝေ တရားနားယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းလိုက်ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)၏ သမိုင်းဝင်ဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး