တာချီလိတ် ဇန်နဝါရီ-၂၆
တာချီလိတ်မြို့၊ စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၊ မဂ္ဂနီးသတ္တု အရည်ကြိုစက်ရုံသို့ ဇန်နဝါရီလ( ၂၆ ) ရက် နံနက်(၇) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရောက်ရှိခဲ့ပြီး မန်နေဂျင်းဒါရိုက်တာ ဦးတင်နွယ်က လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် နံနက်(၉) နာရီ၌တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက “နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးအားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
